မြတ်ညို (အလွတ်သတင်းထောက်)
၂၀၁၄ ဖေဖေါ်ဝါရီ ၁၇
ဘန်ကောက်မြို့တောင်ဘက် ကီလို မီတာ ၁၀၀ ခန့်အကွာတွင်ရှိေ သာ ခြုံဘူရီခရိုင် စာသဟစ်မြို့ စမေး စံ ကမ်းခြေရှိ ချောင်းနှစ်ခွ တံတား ငါးဖမ်းလှေဆိပ်တွင် ရောင်းစားခံ ထားရသည့် မြန်မာအလုပ်သမား ၅ဦးအား ပူးပေါင်းအဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
ဖေဖေါ်ဝါရီ ၁၁
ရက်နေ့က မြ၀တီမြို့မှ ဝေယံလင်း ဆိုသူက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ MAT ရုံး သို့ အကူညီတောင်းခံနေစဉ် မွန်ပိုက်ဆရာကလက်ကိုင် ဖုန်းကို လုယူသွား သဖြင့် အချက်အလက်အသေးစိတ်မရရှိခဲ့ပေ။ သို့ရာတွင် MAT
အဖွဲ့သည် ပူးပေါင်း ဆောင်ရွက်နေကျ
အဖွဲ့အစည်းများဖြစ်ကြသော ထိုင်းအစိုးရလူကုန် ကူးမှုတိုက်ဖျက်ရေးအထူးထောက် လှမ်းရေးတပ်ဖွဲ့ DSI
နှင့် ထိုင်းတောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FEDတို့
နှင့် တိုင်ပင်၍ အဆို ပါ
ငါးဖမ်းလှေပြန် ရောက်လာသည့်အခါ ကယ်တင်နိုင်ရန် အဆင်သင့်ပြင် ဆင် နေခဲ့ကြ သည်။
ယမန်နေ့ညနေ ၅နာရီတွင် သတင်းရရှိထားသည့် လှေနံပါတ် 307439114 အတွဲလှေ အမှတ် (၂) အ၀ါရောင် ဆိုက်ကပ်လာစဉ်
အလုပ် သမားများအား ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
မြ၀တီမြို့ အမှတ်(၃)အသက် ၂၂ နှစ်အရွယ်
ဝေယံလင်း က“ ကျနော် မဟာချိုင်မှာ အလုပ် လုပ်နေ တာ ရခိုင်ပွဲစား
ညီညီ ဆိုသူ ကခြုံဘူရီက သစ်သီး စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး ငါးဖမ်းလှေမှာ ဘတ်တစ်သောင်း
ခွဲနဲ့ လာရောင်း စားသွားတာ” ဟုပြောသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ခြံရှည် ရွာမှ အသက်၂၂ နှစ် အရွယ် အောင်သန်းနိုင် ကလည်း“ ကျနော်တို့
ရောင်းစား တာလည်း ပွဲစားညီညီဖြစ် ပါတယ်။ ကျနော်တို့ ဆီက တစ်ယောက်စီကျပ်ငွေ တစ်သိန်းခွဲစီ သူ
့ကိုပေးခဲ့ရပါတယ်။ ဒီမှာ ကျနော်တို့ ကို တစ်ယောက်ကို ဘတ်တစ်သောင်းခွဲစီနဲ
့လာရောင်းစားသွားတာဖြစ်ပါတယ်” ဟုပြောသည်။
MAT
အဖွဲ့ ရုံတာဝန်ခံ ကိုစိုင်းအေး က“ကျနော်တို့
အလုပ်သမားတွေ ကိုလွတ်အောင် ကယ်ထုတ် ရတာ ခက်ခဲသလောက် လှေပိုင်ရှင်နဲ့ ပွဲစားတွေ ဘာမှ
အပြစ်ဒဏ်ကျခံရတာမရှိဘူး။ ထိုင်းအစိုးရ လူကုန် ကူး မှု တိုက်ဖျက်ရေး လုပ်နေတာက ကျနော်တို့ စါရင်းပေးသူကို လှေနံပါတ် အတိအကျနဲ့ လှေဝင် လာတဲ့ အချိန်မှာရွာသူကြီးက တစ်ဆင့်ခေါ်ပေးတယ်။ လှေပေါ်မှာ ရောင်းစားခံနေရတဲ့
အခြား ဗမာလူမျိုးတွေ က ကျနော်တို့လည်း ရောင်းစားခံထားရတာပါ ဆိုပေမယ့်မလွတ်ဘူး။ ထိုင်းပင်လယ်ထဲမှာ၊
ထိုင်းငါးဖမ်းလှေထဲ မှာ လူကုန် ကူး ခံနေ ရတဲ့မြန်မာအလုပ်သမားတွေ ကျနော်တို့
အဆက်အသွယ်ရဖို့၊ သူတို့ အချက် အလက် အတိအကျ ပြောဖို့နဲ့ သူတို့
ဝင်လာမယ့်ရက်မတိုင်ခင် ကြိုပြီး အချက် အလက်ပြောဖို့ ဘယ်လွယ် မလဲ။ မြန်မာအလုပ် သမားတွေခံပြီးရင်း ခံနေရတဲ့ စီမံကိန်းပဲ” ဟုပြောသည်။
MATအဖွဲ့မှဖုန်းနံပါတ်များနှင့်အခြားလူကုန်ကူးမှုတိုက်ဖျက်ရေးလုပ် နေ သည့်အဖွဲ့အစည်းများ၏ ဖုန်းနံပါတ်များအား၂၀၁၂
ခုနှစ်က မြန်မာအစိုး ရထုတ်ဝေသည့် သတင်းစာများနှင့် ပြည်ပအခြေစိုက် ဒီမို ကရက် တစ်မြန် မာ့ အသံတို့က
ကြော်ညာပေးခဲ့သလိုမျိုး ယခု တစ်ဖန် ထပ်မံကြေ ညာပေးစေလို ကြောင်း MAT အဖွဲ့ကအကြံပြုပြောဆိုသည်။
No comments:
Post a Comment