မြတ်ညို(အလွတ်သတင်းထောက်)
မကြာမီအချိန်အတွင်း ထိုင်းမှာရှိနေတဲ့ တရားမ၀င်  မြန်မာအလုပ် သမားတွေကို တရားဝင်နိုင်ငံကူးလက်မှတ်ထုတ်ပေးတော့မယ်လို့ သတင်းထွက်နေတယ်။
ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်ကြေညာခြင်းတော့ မရှိသေးဘူး။
ထိုင်းကုမ္ပဏီတွေနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာန တို့ လက်ဝါးရိုက် လုပ်ကြမလို သတင်းထွက်နေတာကြောင့် မြန်မာပတ်စပို့ကုမ္ပဏီေ တွ  နှာတိုနေကြသံကြားတယ်။ အတိအကျမဖြစ်ခင် ဒေါသထွက်နေကြတယ်ကြားတယ်။
ဘန်ကောက် အလုပ်သမားကွန်ယက် ကတော့ လာမယ့် ဇန်န၀ါရီလ ၁၃ရက်နေ့မှာဘန်ကောက်ကအင်ဂျီအိုတွေ၊အလုပ်သမားအဖွဲ့ တွေကို ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးအကြံပြုကြဖို့
ဖိတ်ခေါ်ထားတယ်။ ထုံးစံအတိုင်း ထိုင်း အိပ်ဖေါင်းရေး အစီအစဉ် ကိုဆုံးဖြတ်ကြလိမ့်မယ်။
        ထိုင်းနိုင်ငံအတွင်းမှာ ယာယီပတ်စပို့ ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂သန်း
ဝန်းကျင်းရှိနေပြီးဖြစ်တယ်။ ဒီအလုပ်သမားတွေဟာ ဘတ်ငွေ သောင်းချီအကုန်အကျခံပြီးလုပ်ထားကြ
တာဖြစ်တယ်။
   အစိုးရသတ်မှတ်ထားသလို ရက်ပေါင်း ၉၀ တစ်ကြိမ် တုံးထုရတယ်။ ၂နှစ် တစ်ကြိမ် စာအုပ်သက်တမ်း
တိုးရတယ်။ အလုပ်လုပ်ခွင့် work permit  ၂နှစ်စာ  လုပ်ရတယ်။  ပတ်စပို့ အပါအ၀င် စုစုပေါင်း ဘတ်
၂၀၀၀၀ လောက်ကုန်ကြတယ်။
    မြန်မာအလုပ်သမားတွေကသာ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရ လုပ်ခိုင်းသမျှ လုပ်နေကြရတာဖြစ်တယ်။
အဲဒီ ၂သန်းသော မြန်မာအလုပ်သမားတွေက ယာယီပတ်စပို့  အတွက် ၀န်ထုတ်ဝန်ပိုးဖြစ်နေပေမယ့်
အဲဒီ တရားဝင် အလုပ်သမား ၂သန်းအတွက် ထိုင်းနဲ့ မြန်မာအစိုးရတို့ဟာ ထိရောက်တဲ့ အကာအကွယ်
 ပတ်စပို့ရှိလျှက်ခရီးသွားထိုင်း ပုလိပ်က  ထောရော ပါလားလို့ မေးတယ်။ မပါရင် ပိုက်ဆံတောင်းတယ်။
Work permit မပါရင် ပိုက်ဆံတောင်းတယ်။ ပတ်စပို့ရှိလျှက် ဘာအကြောင်းပြချက်မှ မရှိပဲ အလုပ်ထုတ်ခံရတယ်။  အလုပ်သမားပိုက်ဆံနဲ့ လုပ်ထားတဲ့ ပတ်စပို့ကို လုပ်ငန်းရှင်ကသိမ်းထားတယ်။
           ဒါတွေကို ထိုင်းနဲ့ မြန်မာ ဘယ်ရုံးက ထိထိရောက်ရောက် အကူညီပေးသလဲ။ အလုပ်သမားတွေ ကိုယ်
ဖြစ်တာ ကိုယ်ခံဖြစ်နေတယ်။  တစ်နိုင်ငံလုံးမှာ ဖြစ်နေတာ။
ဘယ်မှာလဲ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရားဝင်မှု အကာအကွယ်ဆိုတာ?..........


 
No comments:
Post a Comment