Monday, 17 February 2014

“လူကုန်ကူးခံရသည့်အလုပ်သမား ၅ဦးကိုကယ်ထုတ်”


မြတ်ညို (အလွတ်သတင်းထောက်)

            ၂၀၁၄ ဖေဖေါ်ဝါရီ ၁၇ 
       

ဘန်ကောက်မြို့တောင်ဘက် ကီလို မီတာ ၁၀၀ ခန့်အကွာတွင်ရှိေ သာ ခြုံဘူရီခရိုင် စာသဟစ်မြို့ စမေး စံ ကမ်းခြေရှိ ချောင်းနှစ်ခွ တံတား ငါးဖမ်းလှေဆိပ်တွင် ရောင်းစားခံ ထားရသည့် မြန်မာအလုပ်သမား ၅ဦးအား ပူးပေါင်းအဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
                   ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က မြ၀တီမြို့မှ ဝေယံလင်း ဆိုသူက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ရုံး သို့ အကူညီတောင်းခံနေစဉ် မွန်ပိုက်ဆရာကလက်ကိုင်   ဖုန်းကို လုယူသွား သဖြင့် အချက်အလက်အသေးစိတ်မရရှိခဲ့ပေ။ သို့ရာတွင် MAT အဖွဲ့သည်  ပူးပေါင်း   ဆောင်ရွက်နေကျ အဖွဲ့အစည်းများဖြစ်ကြသော ထိုင်းအစိုးရလူကုန် ကူးမှုတိုက်ဖျက်ရေးအထူးထောက် လှမ်းရေးတပ်ဖွဲ့ DSI နှင့် ထိုင်းတောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FEDတို့ နှင့် တိုင်ပင်၍  အဆို ပါ ငါးဖမ်းလှေပြန် ရောက်လာသည့်အခါ ကယ်တင်နိုင်ရန် အဆင်သင့်ပြင် ဆင် နေခဲ့ကြ သည်။

Saturday, 15 February 2014

“ရန်ကုန် မြ၀တီကားဂိတ်များ၏ မတရားမှုများအား အရေးယူသင့်”

             မြတ်ညို(အလွတ်သတင်းထောက်)

၂၀၁၄-ခု ဖေဖေါ်ဝါရီလ ၁၅

           ရန်ကုန်မြ၀တီပြေးဆွဲနေကြသည့် လိုင်းကားအချို့ ခရီသွားလုပ်သား   ပြည်သူများအား မတရားမှု များစွာပြုလုပ်နေကြသော်လည်း အရေးယူဆောင် ရွက်ခြင်းတစ်စုံတစ်ရာမရှိခြင်းကြောင့် ပိုမိုဆိုး ရွားနေကြောင်း   ပြည်တော်ပြန်    မြန်မာအလုပ်သမားများက ပြောသည်။

ရန်ကုန်သာကေတမှ ကိုဇော်ဇော် က“ရန်ကုန်က ကျနော် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က အာကာသ ကားဂိတ် က မြ၀တီကို တိုက်ရိုက်ကားလက်မှတ် ၀ယ် လာတာ။ ကျနော်  ၁၃,၀၀၀ ကျပ်ပေးရတယ်။ ဒါပေမယ့် ခရီးသည် အချို့ ၉,၀၀၀ ကျပ်ပဲပေးရတယ်။  ရန်ကုန်က ဘားအံထိတော့ ကားကောင်းပါတယ်။ ဘားအံ ကိုရောက်တာ နဲ့ ကားပြောင်းတယ်။ ဟိုင်းလတ်ကားကို  ၂ထပ်လုပ် ထားတာ။ 

Friday, 14 February 2014

"သင့်တော်တာက ပန်းရောင်ကဒ်ကလေးပါ"



                          “အရှိတရားကို ခွဲခြမ်းစိတ်ဖြာခြင်း”

           ထိုင်းနိုင်ငံမှာရှိသမျှအလုပ်ရုံတိုင်း၊လုပ်ငန်းတိုင်းနဲ့အိမ်တိုင်းမှာ မြန်မာအလုပ်သမားတွေ အလုပ် လုပ်နေကြတယ်။ ထိုင်းနိုင်ငံကုန်ထုတ်စွမ်းအားေ တွ အားလုံးနီးပါး မြန်မာအလုပ်သမားတွေနဲ့ လည်ပတ်နေ တာဖြစ်တယ်။  ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတစ်ယောက် တစ်နေ့ကို ဘတ်ငွေ ၃၀၀ (ကျပ်ငွေ ၉,၀၀၀) စီ ပုံမှန်ရရှိကြတာကြောင့် မြန်မာမိသားစုတွေ ဖူဖူလုံလုံ   နေထိုင်စားသောက်နိုင်ကြတယ်။

             မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီး အလုပ်လုပ်နိုင်တဲ့ နိုင်ငံသားတွေ အတွက် လုပ်ကိုင်စရာ အလုပ် မရှိ၊ ရှိတဲ့အလုပ်ကလည်း တစ်ယောက် ထမင်း မ၀ချင်။  ဥပမာ BED ဘွဲ့ရ အထက်တန်းပြ ကျောင်း ဆရာ တစ်ယောက်ဟာ (ကျပ်ငွေ တစ်သိန်းနှစ်သောင်း) ပဲရတော့ ရန်ကုန်မြို့မှာ အိမ်ငှါးခ ပေးလိုက် တာနဲ့ နေ့စဉ် လိုင်းကားခနဲ့ စားဝတ်နေရေးအတွက် ဘယ်လိုမှ မဖြေရှင်းနိုင် ကြတော့ပါ။ ဒါကြောင့် အလုပ်လုပ်နို င်တဲ့ မြန်မာနိုင်ငံသားတွေ နေ့တိုင်း ထိုင်းနိုင်ငံကို နည်းပေါင်းစုံနဲ့ ၀င်ရောက်လာနေကြဆဲဖြစ်တယ်။

Thursday, 13 February 2014

“မြန်မာအလုပ်သမားများအထူးသတိပြုသွားလာသင့်”




မြတ်ညို ( အလွတ်သတင်းထောက်) ၂၀၁၄-ခု ဖေဖေါ်ဝါရီ ၁၃ ရက်

            မြ၀တီမဲဆောက်မှ ဘန်ကောက်မြို့သို့ လိုင်းကားဖြင့် လာခဲ့သည့် တရားဝင်မြန်မာအလုပ် သမတစ်ဦးအား အငှါးကား(တက္ကစီ) မောင်းသူက အခြားအရပ်ဒေသသို့ခြိမ်းခြောက်ခေါ်ဆောင်သွားခြင်း အားMATအဖွဲ့က ယနေ့နံနက်ကအချိန်မီ ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။

          အသက် ၂၀ အရွယ် မ……သည် ဘန်ကောက်မြို့ မော်ချစ်အဝေး   ပြေးကားဂိတ် မှ သူမနေထိုင်ရာ ဖက်ကဆင် လမ်း(.....) သို့ သွားရန် အငှါး ကားကို ငှါးရမ်းခဲ့ခြင်းဖြစ်သည်။ ကားသမားက မိမိသွားလိုရာသို့မသွားပဲ အယု ဒ္ဓယမြို့ဘက်သို့ ပြောင်းပြန်မောင်း ရာ သူမ က ကားရပ်ပေးရန် ပြောဆို ခဲ့ရာ ကားသမားက ဘတ်ငွေ ၄၅၀၀ ပေးမှ ကားရပ်ပေး  မည်ဟု ပြန်လည်ြေ ပာ  ဆိုခဲ့သည်။


Tuesday, 11 February 2014

“၁နှစ်ကြာလူကုန်ကူးခံခဲ့ရသူပြန်လွတ်လာပြီ”

             
ကိုတီး 

၂၀၁၄ ဖေဖေါ်ဝါရီလ ၁၁ ရက်
               ပြီးခဲ့သည့်ရက်ပိုင်းက ပွဲစားများ ၀ှက် ထားခဲ့သည့်   မြန်မာအလုပ်သမား ယနေ့နံနက် ပိုင်းက ပြန်လည် လွတ်   မြောက်လာခဲ့ပြီးဖြစ်သည်။
ကရင်ပြည်နယ် ဘားအံမြို့မှ အဖ ဦးသန်း အမိ   ဒေါ်ပုတို့၏ သား အသက် ၁၇ နှစ်အရွယ် အောင်ကိုမင်း မှာ ငါးဖမ်းလှေပေါ် တွင် ၁နှစ် ကြာရောင်း စားခံခဲ့ရာမျ ပြန်လည် လွတ်မြောက် လာ ခဲ့ပြီဖြစ် သည်။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့က အခြားအလုပ်သမား ၄ဦးအား ပူးပေါင်း အဖွဲ့များက ကယ်ထုတ်စဉ် ကျန်နေခဲ့သော ငါးဖမ်းလှေ အလုပ် သမားဖြစ်သည်။  
     အလုပ်သမားကို ရွာလူကြီးတောင်းပေးသဖြင့် ဘတ်ငွေ ၂,၀၀၀ သာရှင်းပေးခဲ့ပြီး ခြုံဘူရီ ချောင်းစမေးစံ တွင်ဖွင့်လှစ်ထားသော လူကုန် ကူးခံရသူများ ယာယီစောင့်ေ ရှာက်ရေးဂေသို့ ပို့ဆောင်ထားခဲ့သည်။ ထိုမှတစ်ဆင့် ထိုင်းလ၀ရုံးချုပ်သို့ ပို့ဆောင်ပြီး   မြန်မာနယ်စပ်သို့ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က “ထိုင်းမှာ ကျနော်တို့လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်နေရတာ၊ ကိုယ့်နိုင်ငံသားကိုပြန်ရရုံပဲ။ လုပ်အားခ လည်းမရဘူး။ ပွဲစားတွေကိုလည်း မဖမ်းဘူး။ လူကုန်ကူးခံရတဲ့အလုပ်သမားတွေကို ခိုင်းစေနေတဲ့ အဓမ္မ ကျွန်ပြုနေတဲ့ထိုင်းလုပ်ရှင်   တွေကိုလည်း အရေးမယူဘူး၊ အကျဉ်းအကြပ်ထဲက ကျနော်တို့ လုပ်နေရ တာပါ” ဟုပြောသည်။
       ယမန်နေ့ကထက် ယခုနှစ်တွင် လူကုန်ကူးခံရသူများ လွတ်မြောက်အောင်   ဆောင်ရွက်ရခြင်းမှာ ပိုမိုခက်ခဲနေကြောင်း ဆက်လက်ပြောဆိုသည်။

“နိုင်ငံတော်အစိုးရအနေဖြင့် အထူးသတိထားသင့်”


     ထိုင်းရဲ လုပ်ပေးခဲ့သည့်မှတ်ပုံတင်အတုများပုံ 


မြတ်ညို  ၂၀၁၄ ခု ဖေဖေါ်ဝါရီလ ၁၁  ရက်
       ထိုင်းနိုင်ငံတွင်၎ နှစ် သက်တမ်းပြည့်သွား သည့် မြန်မာအလုပ် သမား
များ၏ ပတ်စပို့များပြန်လည် ဆောင်ရွက်မည့်လုပ်ငန်းစဉ် အတွင်း  မြန်မာနိုင်ငံ သားမှန်ကန်ကြောင်း စီစစ်ခြင်းလုပ်ငန်း(မှတ်ပုံတင်)အား အွန်လိုင်းစနစ်ဖြင့် တစ်ဦးတည်းလုပ် ကိုင် ခွင့် ရရှိရန်ကြိုးပမ်နေသူ ရှိနေကြောင်းသိရှိရသည်။
 
            ပတ်စပို့အကျိုးဆောင် ကုမ္ပဏီဒါရိုက်တာ တစ်ဦးက “ပြီးခဲ့တဲ့ နှစ်က မဲဆောက်မှာ ထိုင်းရဲတစ်ဦး မြန်မာ မှတ်ပုံတင် အတုလုပ်ပေးခဲ့တယ်။   ဘတ်ငွေ    ၆၀၀၀ နဲ့ ဓါတ်ပုံ ပေးလိုက် ညနေဆိုရင် မြန်မာ မှတ်ပုံတင် ရပြီး၊ ဒီကိစ္စအချက်အလက်တွေ  မြ၀တီဘက်မှာတာဝန်ကျခဲ့တဲ့ အလုပ်သမားအရာ ရှိ ဗိုလ်ကြီး မိုးအောင်ခိုင် ဆီမှာရှိနေတယ်။ ပတ်စပို့အတုတွေဖမ်းမိတယ်။ ဘာမှအရေးမယူဘူး။ အနာဂတ်မှာ   နိုင်ငံ သားဖြစ်ရေးနဲ့ပါ ပြဿနာတက် လာနိုင် တဲ့ နိုင်ငံသား စီစစ်ခြင်းအလုပ်ကို မလေးရှားမှာလို တစ်ဦးတည်း မူပိုင် ရချင်တာ။ မလေးရှားမှာ ကုလားတွေ အများကြီး ဗမာနိုင်ငံကူးလက် မှတ်တွေရသွားကြပြီ။ လက်ဗွေ စကင်ဖတ်ပြီး ပိုင်လော့ ပရောဂျက် လုပ်ခွ င့်လျှောက်ထားတယ်ဆိုတော့၊ တိုင်းပြည် ကို ရောင်းစားတာပဲ။ ရနောင်နဲ့ မြ၀တီ မှာ ပတ်စပို့စာအုပ်အတု အလုပ်သ မားခေါ်စာအတုတွေ မိနေတာလည်း မြန်မာအစိုးရ ခုထိအရေးယူတာ မကြားဖူးသေးဘူး” ဟုပြော သည်။